ယနေ့ခေတ် အားကစားရုံများသည် ကျန်းမာရေးနှင့် အလှအပအတွက် နေရာတိုင်းတွင် အလွန်လိုအပ်ချက် ရှိလာပါသည်။ အဆင့်မြင့် အားကစားရုံများတွင် အသုံးပြုသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် သင်တန်း စက်ကိရိယာများမှသည် အဝတ်လဲခန်း၊ ပစ္စည်းသိမ်းဆည်းခန်းနှင့် အိမ်သာအထိ မရှိမဖြစ် လိုအပ်သော အသုံးအဆောင်များ လိုအပ်ပါသည်။ ထိုအရာအားလုံး အရည်အသွေးမြင့်ပြီး ကျန်းမာရေး၊ အန္တရာယ် ကင်းရှင်းရေးတို့ ရရှိရပါမည်။
ထို့ပြင် လာကစားသူများမှာ လူငယ်များနှင့် ရုံးလုပ်သားများ ဖြစ်တတ်သည့်အတွက် အားလပ်ချိန် သို့မဟုတ် အလုပ်ဆင်းချိန်တွင် အားကစားလုပ်ကြသည့်အတွက် ကျောပိုးအိတ်၊ လက်ပ်တော့၊ စာရွက်စာတမ်းနှင့် အဝတ်အစားတို့ကို ယူလာတတ်ပါသည်။ ထို့ကြောင့် သူတို့အတွက် သိမ်းဆည်းနိုင်အောင် အဝတ်ခန်းအတွက် ABS လော့ကာ စနစ်ကို တပ်ဆင်ထားပါက မှန်ကန်သော ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါသည်။
အားကစားရုံအတွက် ABS လော့ကာဗီရိုများသည် မိမိတို့ပစ္စည်းများထားကာ လုံခြုံစွာ သိမ်းဆည်းရန် ကျယ်ဝန်းသောနေရာကို ပေးပါသည်။ အသုံးပြုရ လွယ်ကူသော 3S သော့ခလောက်နှင့် တွဲစပ်ပါက သော့မပျောက်အောင် ကာကွယ်ပါသည်။ ထို့ပြင် RF-15C စမတ် အီလက်ထရွန်းနစ် သော့တွင် ချစ်ပ်ပြား သုံးထားသည့်အတွက် ဝန်ဆောင်မှုများတွင် နည်းပညာ ထည့်သွင်းလိုသော အဆင့်မြင့် အားကစားရုံများအတွက် ထူးခြားသည့် ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။
ABS လော့ကာ ဗီရိုများသည် ပစ္စည်းသိမ်းရန် အဓိက ရည်ရွယ်ချက်အပြင် ခေတ်မီ ဒီဇိုင်းနှင့် စုံလင်သော အရောင်များကြောင့် အားကစားရုံများကို ထူးခြားထင်ရှားစေပါသည်။ အရွယ်အစား စုံလင်သည့်အတွက် အားကစားခန်းမ အငယ်စားများအတွက် နေရာများများ ရစေပါသည်။ နည်းပညာမြင့် အီလက်ထရွန်းနစ် သော့များပါသည့် ABS လော့ကာ စနစ်ကို အသုံးပြုသောအခါ အမှတ်တံဆိပ်ကို ပိုမိုထင်ပေါ်စေပြီး လာကစားသည့် ဖောက်သည်များအား အလေးထားမှုကို ပြသနိုင်ပါသည်။
ABS လော့ကာ၏ ထင်ရှားသော အချက်များ
- အလွန်ခိုင်ခံ့ပြီး ပြင်ပမှအားဖြင့် သက်ရောက်မှုများကို ခံနိုင်ရည်ရှိကာ ပုံပျက်သွားခြင်း မရှိပါ
- ABS ပစ္စည်းများမှာ မီးမတောက်နိုင်ဘဲ မီးဘေးကာကွယ်ရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီကာ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီစွာ ပြန်လည်အသုံးပြုနိုင်စွမ်း ရှိပါသည်
- မှိုမတက်ဘဲ၊ လေဝင်လေထွက်ကောင်းသလို သန့်ရှင်းရန် လွယ်ကူပြီး ဆပ်ပြာမှုန့်ကြောင့် ထိခိုက်ခြင်း မရှိပါ
- ထောင့်မပါသော ဒီဇိုင်းဖြစ်ပြီး အသုံးပြုသူများအတွက် စိတ်ချရသည်
- ပရိဘောဂ အရွယ်အစား အမျိုးမျိုးအတွက် သင့်တော်သော အရွယ်အစားမျိုးစုံရှိခြင်း
- ရွှေ့ပြောင်းရန်နှင့် ပြန်လည်နေရာချရန် လွယ်ကူပြီး ပေါ့ပါးခြင်း
- ခေတ်မီ အရောင်များနှင့် စိတ်ကြည်နူးဖွယ် လှပခြင်း
- သော့ပိတ်စနစ်သည် လုံခြုံကာ တစ်ဉီးချင်း ပိုင်ဆိုင်မှုကို အသေအချာ လုံခြုံစေခြင်း
အားကစားရုံ၊ ယောဂ လေ့ကျင့်သော နေရာများအတွက် သင့်တော်သော လော့ကာ ဗီရို အမျိုးအစားများ (C x R x S)- ကျောပိုးအိတ်၊ လက်ပ်တော့၊ ကိုယ်ပိုင်ပစ္စည်းများ၊ အဝတ်အစားများ ထားနိုင်သည်
- W600 (620 x 382 x 500), W900 (930 x 382 x 500)
- N4 (465 x 320 x 500)