Close

စက်ရုံများ

ပင်မ / ဖြေရှင်းမှုနည်းလမ်းများ / စက်ရုံများ

စက်ရုံများအတွက် လော့ကာများ

  • lockernlock photos
  • lockernlock photos

စက်မှုလုပ်ငန်းနေရာများ သို့မဟုတ် စက်ရုံကြီးများတွင် တစ်နေ့လျှင် အလုပ်သမား ထောင်ပေါင်းများစွာကို ရုံးတက်မှတ်တမ်းနှင့် လုပ်ငန်း ဆောင်ရွက်မှုများမှသည် လုံခြုံမှုနှင့် လျှို့ဝှက်ထားရှိမှုအထိ စီမံခန့်ခွဲရသည်မှာ မလွယ်ကူပါ။

ကျွန်ုပ်တို့ကိုယ်တိုင် အလုပ်သမားနေရာမှ ဝင်ကြည့်ပါ။ သူတို့ဘဝများတွင် အခြေခံ လိုအပ်ချက်များနှင့် နေ့စဉ်အသုံးစရိတ်များမှသည် ကြာမြင့်သော အလုပ်ချိန်နှင့် အန္တရာယ်ရှိနိုင်သော ပတ်ဝန်းကျင်အထိ သူတို့၏ ထုတ်လုပ်နိုင်စွမ်း လျော့ကျနိုင်သော စိုးရိမ်စရာများစွာ ရှိပါသည်။ ထို့ကြောင့် ဝန်ထမ်းများ သာယာဝပြောရေးအတွက် ကောင်းစွာထိုက်တန်သော စံချိန်စံညွှန်းများ သေချာရရှိပါက သူတို့ဘဝတွင် စိုးရိမ်ပူပန်စရာများ မရှိအောင် လျှော့ချပေးပါသည်။ ထိုအခါ အလုပ်သမားများက အလုပ်လုပ်ဆောင်ရာတွင် သက်သောင့်သက်သာရှိလာပြီး ပိုမိုထိရောက်မှု ရှိလာပါသည်။

မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသော စက်ရုံများသည် သမားရိုးကျ သံလော့ကာများအစား ABS လော့ကာများ ပြောင်းသုံးလာသည့်အတွက် စက်ရုံများအတွက် ABS လော့ကာ ဗီရိုများသည် ရေရှည်အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါသည်။ ဤမျှများပြားသော ဝန်ထမ်းများကို စီမံခန့်ခွဲသောအခါ ကိုယ်ပိုင်ပစ္စည်းများ ပျောက်ဆုံးမှု ပုံမှန်ဖြစ်ပွားလေ့ရှိပါသည်။ ထိုအခါ အလုပ်သမားများ၏ ကိုယ်ကျင့်သိက္ခာကို ထိခိုက်စေသလို အလုပ်တွင်လည်း အာရုံစိုက်မှု လျော့နည်းစေပါသည်။ ABS လော့ကာ စနစ်နှင့် အရည်အသွေးမြင့် သော့များရှိပါက အသုံးပြုသူတိုင်း၏ ကိုယ်ပိုင်ပစ္စည်းကို လုံခြုံမှုပေးပြီး ခိုးယူမှုဖြစ်နိုင်ခြေ လျှော့ချပေးသလို အလုပ်တွင် သူတို့၏ စိတ်လုံခြုံမှုကို ပိုမိုရရှိစေပါသည်။

ထို့ပြင် အဆင့်မြင့်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ABS လော့ကာ ဗီရိုများကို အလွယ်တကူ ပွတ်တိုက်သန့်ရှင်း ပေးနိုင်သောကြောင့် ဝန်ထမ်းများ၏ ပစ္စည်းထားသော နေရာများတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး လုံခြုံစေပါသည်။ ဗီရိုအတွက် အထူးပုံစံထုတ်ထားသည့် 3S နံပါတ် သော့ကို အသုံးပြုခြင်းသည် အသုံးပြုရ လွယ်ကူသလို ရိုးရှင်းစွာ စီမံခန့်ခွဲနိုင်ပြီး သော့ချောင်းများ ပျောက်ရှမည်ကို မပူပန်ရတော့ပါ။

ABS လော့ကာ၏ ထင်ရှားသော အချက်များ
  • အလွန်ခိုင်ခံ့ပြီး ပြင်ပမှအားဖြင့် သက်ရောက်မှုများကို ခံနိုင်ရည်ရှိကာ ပုံပျက်သွားခြင်း မရှိပါ
  • ABS ပစ္စည်းများမှာ မီးမတောက်နိုင်ဘဲ မီးဘေးကာကွယ်ရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီကာ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီစွာ ပြန်လည်အသုံးပြုနိုင်စွမ်း ရှိပါသည်
  • မှိုမတက်ဘဲ၊ လေဝင်လေထွက်ကောင်းသလို သန့်ရှင်းရန် လွယ်ကူပြီး ဆပ်ပြာမှုန့်ကြောင့် ထိခိုက်ခြင်း မရှိပါ
  • ထောင့်မပါသော ဒီဇိုင်းဖြစ်ပြီး အသုံးပြုသူများအတွက် စိတ်ချရသည်
  • အလုပ်သမားများအတွက် ချိတ်ရန်အတန်းများဖြင့် အရွယ်အစားမျိုးစုံရှိခြင်း
  • ရွှေ့ပြောင်းရန်နှင့် ပြန်လည်နေရာချရန် လွယ်ကူပြီး ပေါ့ပါးခြင်း
  • ခေတ်မီ အရောင်များနှင့် စိတ်ကြည်နူးဖွယ် လှပခြင်း
  • သော့ပိတ်စနစ်သည် လုံခြုံကာ တစ်ဉီးချင်း ပိုင်ဆိုင်မှုကို အသေအချာ လုံခြုံစေခြင်း
စက်ရုံနေရာအတွက် သင့်တော်သော လော့ကာ ဗီရို အမျိုးအစားများ (အလျား x အနံ x အမြင့်)
  • W900 စီးရီး (930 x 382 x 500) – အဝတ်အစား၊ ဖိနပ်၊ ကိုယ်ပိုင်ပစ္စည်းများ၊ ကျောပိုးအိတ်တို့ ထားနိုင်သည် (ချိတ်များနှင့် အကန့်များပါသည်)
  • W600 စီးရီး- (620 x 382 x 500) – အဝတ်အစား၊ ဖိနပ်၊ ကိုယ်ပိုင်ပစ္စည်းများ၊ ကျောပိုးအိတ်တို့ ထားနိုင်သည်